Monday, December 29, 2014

စက္ကူမြားစာစောင်အတွက်စာမူဖိတ်ခေါ်ခြင်း

ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် မင်းနန္ဒာအဆောင် နှင့်ာဖက်အသင်း မှစီစဉ်၍ ကျောင်းသား/ကျောင်းသူများပါဝင်သော  စက္ကူမြားစာစောင် အတွက် ဆောင်းပါး၊ဝတ္ထု၊ကဗျာ၊ကာတွန်း၊သရော်စာ၊ဟာသ အစရှိသည့်စာမူများကို ၃၀.၁၂.၂၀၁၄ ရက်နောက်ဆုံးထား၍အောက်ဖော်ပြပါစာရင်းအတိုင်းဆက်သွယ်ပေးပို့နိုင်ပါသည်။

☆စာမူပေးပို့ရန်☆

နန္ဒာမျိုးအောင် (4th year law ) 09256056979
အောင်ဘိုဘိုနိုင် (4th year law) 09974200913
ရှားလင်းဖြိုး (4th year IC) 09422220390
ကောင်းမြတ်လင်း (3th year IC) 09796663683
ရှိုင်းသူရ (2nd year IR ) 09798159606
အဲသိုက်ဟန် (1st year IR) 09799183952

♡သက်ဆိုင်သူသို့ပေးစာအထူးကဏ္ဏပါဝင်သည်။♡

Friday, December 26, 2014

ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်ကျောင်းဝတ်စုံအတွက်ဆန္ဒမဲတောင်းခံခြင်း

ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်သည် တူညီဝတ်စုံမရှိသောတက္ကသိုလ်များထဲတွင်တစ်ခုအပါအဝင်ဖြစ်ပါသည်။သို့ပါ၍ကျောင်းဝတ်စုံရှိသင့် မရှိသင့်ကို ကိုယ်တိုင်ပါဝင်ဆန္ဒမဲ ပေးပို့နိုင်ပါသည်။
ဆန္ဒမဲပေးပို့သူများ၏ကိုယ်ရေးအချက်အလက်များကိုမူ ဖော်ပြသွားမည်မဟုတ်ပါ၊
ဆန္ဒမဲပေးရန်ဒီကိုနှိပ်ပါ။

Wednesday, December 17, 2014

ကျရှုံးသူများနှင့်အပြင်ဖြေများဆက်သွယ်စုံစမ်းနိုင်ပါပြီ။

ကျရှုံးဘာသာရပ်များ၊ ပြင်ပဖြေစာမေးပွဲဖြေဆိုမည့်သူများနှင့်ပတ်သက်၍စာမေးပွဲဌာနတွင်စုံစမ်းမေးမြန်းနိုင်ပါသည်။
☆သင်တန်းနှစ်မှနှုတ်ထွက်မည့်သူများမိမိကျောင်းအပ်သည့်နေရာတွင်စုံစမ်းနိုင်ပါသည်။☆

အဝေးသင်ပြောင်းလိုသူများအားစတင်ဆောင်ရွက်ပေးနေပါပြီ။

အဝေးသင်တက္ကသိုလ်သို့ပြောင်းရွေ့လိုသူများသည် ဒီဇင်ဘာ လကုန်တွင် ဓာတ်ပုံ ၃ ပုံ ဖြင့်ကျောင်းသားရေးရာဌာနတွင်ပြောင်းရွေ့ခြင်းအားစတင်ဆောင်ရွက်ပေးသွားပါမည်။
☆အဝေးသင်ပြောင်းမည့်သူများသည်နေ့သင်တန်းတွင်ကျောင်းအပ်ရန်မလိုပါ။☆

မေဂျာပြောင်းလျှောက်ထားလိုသူများပုံစံထုတ်ယူနိုင်ပါပြီ။

နေ့သင်တန်းအထူးပြုဘာသာပြောင်းလျှောက်ထားလိုသူများသည် ( ၁၅.၁၂.၂၀၁၄ ) မှ ( ၃၁.၁၂.၂၀၁၄) ထိအမှတ်စာရင်းမူရင်းနှင့်မိတ္တူတစ်စောင်ပူးတွဲ၍  (နားနေဆောင်) ပထမနှစ်ကျောင်းအပ်သည့်နေရာတွင်လျှောက်လွှာပုံစံများထုတ်ယူနိုင်ပါပြီ။ မေဂျာပြောင်းကျောင်းသား/ကျောင်းသူများသည်မိမိတို့ပြောင်းလိုသော မေဂျာ တွင်အတန်းများသွားရောက်သင်ကြားနိုင်ပါသည်။

အမျိုးသားပညာရေးဥပဒေအတွက်ဆွေးနွေးပွဲ။

ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်
ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်ကျောင်းသားများသမဂ္ဂ
အမျိုးသားပညာရေးဥပဒေနှင့်စပ်လျဉ်း၍ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်ဆရာများနှင့်ကျောင်းသားများတွေ့ဆုံပွဲ။

၂၀၁၄ ခုနစ် ၊ ဒီဇင်ဘာလ ၂၃ ရက် ၊ အဂါင်္နေ့။
နံနက် ၉ နာရီ မှ နေ့လည် ၁၂ ထိ ။
ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ရွှေသန်လျှင်ခန်းမသို့ မည်သူမဆိုတက်ရောက်ဆွေးနွေးနိုင်ပါကြောင်းဖိတ်ကြားအပ်ပါသည်။

Tuesday, December 16, 2014

East Yangon University Apk.....

ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်၏သတင်း apk ကို Download ရယူကာ wifi network ရှိယုံဖြင့်သတင်းများကိုသိရှိနိုင်မည်ဖြစ်ပါသည်။

Download here.....

Google Drive မှ Download ယူရန်။

Pcloud မှ Download ရယူရန်။

Dropbox မှ Download ရယူရန်။


Monday, December 15, 2014

မောင်မယ်သစ်လွင်ကြိုဆိုပွဲ နှင့် အားကစားပြိုင်ပွဲများ.....

ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်၏ မောင်မယ်သစ်လွင်ကြိုဆိုပွဲ နှင့် အားကစားပြိုင်ပွဲများ များမကြာမှီတွင်ကျင်းပတော့မည်ဖြစ်ပါသည်။သို့ပါ၍ ကျောင်းသား/ကျောင်းသူများမှ စည်းစနစ်ကျကျနှင့်အောင်မြင်စွာကျင်းပနိုင်ရန်အတွက်ဝိုင်ဝန်းကူညီပေးကြရန်နှင့် ခိုက်ရန်ဖြစ်ပွားခြင်းမပြုကြပါရန် စီနီယာ အကိုအမများမှဝိုင်းဝန်းထိန်းသိမ်းကာပျော်ပျော်ရွှင်ရွှင်ဆင်နွှဲပါဝင်ကြပါရန်ကြိုတင်တိုက်တွန်းနှိုးဆော်လိုက်ရပါသည်။

နေ့သင်တန်းများပုံမှန်အတိုင်းစတင်...

ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်တွင် နေ့သင်တန်းတက်ရောက်နေသူများ အတန်းချိန်များနှင့်လက်တွေ့ချိန်များပုံမှန်အတိုသ်းစတင်နေပြီဖြစ်ပါသောကြောင့်အတန်းချိန်များပုံမှန်တက်ကြရန်နှင့် ကျောင်းခေါ်ချိန် ၇၅%  ပြည့်မှီမှသာ စာမေးပွဲကိုဖြေဆိုခွင့်ပေးမည်ဖြစ်ကြောင်းတရားဝင်ထုတ်ပြန်ထားပါသည်။

Sunday, December 14, 2014

E.Y.U Apk....

EYU သတင်းများကိုအချိန်နှင့်တစ်ပြေးညီသိနိုင်ဖို့

East Yangon University》》》

https://www.facebook.com/eyu2013